Facebook Live ဟု အမည်ပေးထားသည့် စွမ်းဆောင်ချက်အသစ်သည် နာမည်ကျော်များ၊ ဂီတတီးဝိုင်းများ၊ ရုပ်ရှင် မင်းသား ၊ မင်းသမီးများအနေဖြင့် သူတို့၏ ပရိသတ်နှင့် တိုက်ရိုက် ထိတွေ့နိုင်မည် ဖြစ်သည်။ Live သည် ယခင်နှစ်က ဖြန့်ချီပေးခဲ့သော Mentions App ကို အဆင့်မြှင့်ပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။ Mentions တွင် Celebrities များသည် ပရိသတ်များအတွက် ပို့စ်များတင်နိုင်ပြီး ကွန်းမန့်များကို လွယ်ကူစွာ တုန့်ပြန်နိုင်ပါသည်။ ယခုမူ ဗီဒီယိုများ တိုက်ရိုက်ထုတ်လွှင့်နိုင်သည့်အတွက် ပရိသတ်နှင့် ထိတွေ့မှုသည် ပိုမိုကောင်းမွန်မည် ဖြစ်သည်။
Live Streaming စွမ်းဆောင်ချက်များကို လူမှုကွန်ရက်များတွင် အပြိုင်အဆိုင် ထည့်သွင်းလာကြပါသည်။ Twitter ကလည်း Periscope ကို ၀ယ်ယူပြီး သူ၏ လူမှုကွန်ရက်တွင် Live Streaming စွမ်းဆောင်ချက်ကိုထည့်သွင်းပေးထားပါသည်။ Periscope ကို နာမည်ကျော်များသာမက သာမာန်လူများ လည်း အသုံးပြုနိုင်ပါသည်။
0 comments:
Post a Comment