Wednesday, April 13, 2016



အရိုးရှင်းဆုံး Windows 7 တင်နည်း

မင်္ဂလာပါ
ဒီနေ့တော့ Windows 7 တင်နည်းကို အားလုံးအတွက် တင်ပေးလိုက်ပါတယ်။
Windows တစ်ခုကို စတင်ပြီး Install လုပ်တော့မယ်ဆိုရင်တော့ Windows 7 ကိုတင်ယူနိုင်ဖို့ရန်အတွက်
Requirement ခေါ်တဲ့ အချက်အလက်နဲ့ ပြည့်စုံပါမှ Windows ကိုအဆင်ပြေပြေ တင်ယူနိုင်မှာဖြစ်ပါတယ်။

Windows 7 ကိုတင်ဖိုရန် လိုအပ်ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Windows 7 system requirements
===================
1 gigahertz (GHz) or faster 32-bit (x86) or 64-bit (x64) processor
1 gigabyte (GB) RAM (32-bit) or 2 GB RAM (64-bit)
16 GB available hard disk space (32-bit) or 20 GB (64-bit)
DirectX 9 graphics device with WDDM 1.0 or higher driver
မြန်မာလိုတော့ ရှင်းပြနေစရာမလိုလောက်တော့ဖူးလို့ထင်ပါတယ်။  
 စာကိုမြင်တာနဲ့သဘောပေါက်လောက်မှာပါ၊ တကယ်လို့မိမိကွန်ပျူတာက အထက်ပါ လိုအပ်ချက်တွေနဲ့ ပြည့်စုံနေတယ်ဆိုရင်တော့ Windows 7 တစ်ခုကို အရိုးရှင်းဆုံးနည်းကို အောက်မှာ ဆက်လေ့လာကြည့်ရအောင်ပါ။
Windows တစ်ခုကို Install စတင်လုပ်ဆောင်တော့မယ်ဆိုရင်တော့ သင့်မှာ ၀င်းဒိုးအခွေ DVD တစ်ချပ်တော့ လိုအပ်ပါမယ်။ အားလုံးအသင့်ဖြစ်ရင်တော့ ကွန်ပျူတာရဲ့ Power ကိုစတင်ဖွင့်လိုက်ပါ။
Delete Key ကိုနှိပ်ထားပါ၊ အချို့သော ကွန်ပျူတာတို့တွင် F2 Key ကိုနှိပ်ပေးထားပါ။ သေချာစေရန် CMOS Setup ပေါ်လာသည်အထိ လေး ငါးခါ လောက် ဆက်တိုက်နှိပ်ထားပေးပါ။
Windows 7 DVD အခွေကိုထည့်လိုက်ပါ။
Advanced BIOS Features ဆိုတာကိုနှိပ်ပါ အနီရောင်နဲ့ဝိုင်းပြထားပါတယ်။
First Boot Device OR Boot sequence ဆိုတာကို ရှာပြီး
First Boot နေရာမှာ CDROM ထားပါ။ Second Boot နေရာမှာ Harddisk OR HDD-0 ကိုထားပါ။
ပြီးလျှင် F10 Key ကိုနှိပ်၊ Yes OR Enter Key ကိုနှိပ်ပေးလိုက်ပါ။

စက်က Restart ကျသလို ကျသွားပါလိမ့်မယ် စောင့်နေပါ၊ စက်ပြန်တက်လာတဲ့အခါ၊

Press any key to boot from DC or DVD……

ဆိုပြီးစာကြောင်းအဖြူရောင်လေးနဲ့ပေါ်လာခဲ့ရင်တော့ Enter Key ကိုနှိပ်ပေးလိုက်ပါ။


Windows Files များကို ကူးယူနေတုန်းလေး ခေတ္တစောင့်နေလိုက်ပါ။
Starting Windows ဆိုပြီးအောက်ကပုံအတိုင်းမြင်နေရရင်တော့ ခနလေးစောင့်နေလိုက်ပါ

Install Windows ဆိုပြီးပေါ်လာတဲ့အခါ ဘာမှထပ်ရွေးပေးစရာမလိုတော့ပါ Next ကိုနှိပ်လိုက်ပါ။

အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ Install Now ဆိုတာကိုနှိပ်ပေးလိုက်ပါ။


Setup is starting ဆိုပြီး အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့
 ခနလေးစောင့်နေလိုက်ပါ


မိနစ်အနည်းနယ်ကြာပြီးလို့ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ Operating System OS ကိုရွေးပေးရမှာဖြစ်ပါတယ်၊ ဒါကတော့ ကျနော့် Windwos DVD ခွေက All in One အမျိုးအစားဖြစ်နေလို့ Operating System များနေတာပါ။ မိမိအသုံးပြုလိုတဲ့ Windows Operating System ကိုရွေးပေးရမှာဖြစ်ပါတယ်၊ အခုကျနော်ကတော့ Windows 7 Ultimate x86 ကိုရွေးပေးလိုက်ပါတယ်။



အောက်ကပုံအတိုင်း မြင်နေရရင်တော့ I accept the license terms ဆိုတဲ့
 လေးထောင့်ကွက်လေးကို အမှန်ခြစ်လေးပေးပါ၊ ပြီးရင် Next ကိုနှိပ်ပေးလိုက်ပါ။



Windows အသစ်တင်ယူမှာဖြစ်လို့ Custom (Advanced) ဆိုတာကိုရွေးပေးလိုက်ပါ။


Custom (Advanced) ရွေးပြီးလို့ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ တကယ်လို့ သင့်ကွန်ပျူတာမှာ
Partation တွေများနေခဲ့ရင်တော့ မိမိ Windwos တင်လို့ Harddisk Partation ကိုရွေးပေးရမှာဖြစ်ပါတယ်။ ကျနော်မှာတော့ Partation တစ်ခုတည်းပဲ ဖြစ်နေလို့ Next ကိုပဲနှိပ်ပေးလိုက်ပါတယ်။


တကယ်လို့ ၀င်ဒိုးကအရင်သုံးလက်စ အဟောင်းရှိနေသေးတာတို့ဆိုရင်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် Windows အဟောင်းကို Format ချလိုတာတို့ Delete လုပ်လိုတာတို့ဆိုရင်တော့  Drive Option (Advanced) ဆိုတာကို နှိပ်ပြီး Format ချယူနိုင်ပါတယ်။



Windows Files များကို Install ပြုလုပ်နေတုန်း ခနစောင့်နေပါ၊ Copying Windows files ကနေ Completing installation အထိ %0 to %100 အထိစောင့်နေရပါမယ် ဘာမှလုပ်ပေးစရာမလိုပါ။


Windows dialogue box ကျလာပြီးရင်တော့ User name နေရာမှာ မိမိနာမည်ကိုထည့်ပါ၊ 
Computer name နေရာမှာတော့ မိမိကွန်ပျူတာကို ထားလိုသောနာမည်တစ်ခုခုကို
 ရေးထည့်ပေးလိုက်ပါ။ ပြီးရင် Next ကိုနှိပ်လိုက်ပါ။


Password ထားပြီးအသုံးပြုလိုက ဖြည့်ပေးလိုက်ပါ။ ဒီနေရာမှာလည်း Password နေရာမှာ မိမိထားလိုသော Password ကိုထားပေးပါ၊ ဥပမာ-Zunite (CEO) စသည်ပေါ့၊ စာလုံးအကြီးအသေးအကုန်ရပါတယ်။
 Retype your password ဆိုတဲ့နေရာမှာလည်း စောနားက Password နေရာမှာထည့်ထားခဲ့တဲ့ Password ကိုထပ်ထည့်ပေးလိုက်ပါ။ Type password hint (required) နေရာမှာတော့ အပေါ်က မိမိထားခဲ့တဲ့ Password မတူတဲ့ နံပါတ်တစ်ခုခုဖြစ်ဖြစ် စာပဲဖြစ်ဖြစ် တစ်ခုခုကိုရေးရမှာဖြစ်ပါတယ်။ 
ရေးပြီးလည်းအဲဒီ Hint password ကိုအသေချာမှတ်ထားပေးလိုက်ပါ။ တယ်ကယ်လို့ မိမိက password ကိုမေ့လို့ ဖွင့်မရတော့တဲ့အခါ စောနားက hint လုပ်ထားတဲ့ Password ကိုပြန်ထည့်ပေးနိုင်ရင် ကွန်ပျူတာ Lock ကိုကောင်းကောင်း ဖြေယူနိုင်ပါတယ်။ ပြီးရင် Next ကိုနှိပ်ပါ။
ထည့်ပြီး အသုံးမပြုလိုသေးဘူးဆိုရင်လည်း Next ကိုနှိပ်ပေးလိုက်ပါ။


License agreement ဖြင့်ဝယ်ထားသော Windows မဟုတ်လျှင်တော့ Product Key ကိုမထည့်ပဲ automatically activate Windows when I’m online မှာရှိတဲ့ လေးထောာင့်ကွက်လေးမှ အမှန်ခြစ်လေးကိုဖြုတ်ပေးပြီး Next ကိုသာနှိပ်ပေးလိုက်ပါ။


အဆင့်တွေကျော်လာခဲ့လို့ အောက်ကပုံအတိုင်းမြင်နေရရင်တော့
 Ask me later ဆိုတာကိုရွေးပေးလိုက်ပါ။

Time zone ရွေးခိုင်းတဲ့နေရာမှာတော့ မိမိနေတဲ့ နိုင်ငံရဲ့ Provide ကိုရွေးလိုက်ပါ။


Windows ကို Install လုပ်နေတုန်း သင့်မှာ Internet Connection သာအသင့်ရှိနေပြီး တစ်ခါတည်း Connected လုပ်ပြီး Install လုပ်ယူသွားချင်တယ်ဆိုရင် Wifi ရဲ့ လျှို့ဝှက်ချက် ကုတ်နံပါတ်ကိုထည့်ပေးပြီး မိမိအသုံးပြုမယ့် Network အမျိုးအစားကို ရွေးပေးလိုက်ပါ။
Router အမျိုးအစားသုံးတဲ့ သူတွေအထူးသဖြင့် 10 User Or Group User အနေဖြင့်အသုံးပြုနေကြတဲ့ သူတွေကတော့ အပေါ်ဆုံး Home Network ကိုရွေးချယ်ပေးလိုက်ပါ။


အားလုံးပြီးလို့ Windows is finalizing your setting ဆိုပြီး အောက်ကပုံအတိုင်းပေါ်နေရင်တော့ ခနစောင့်နေလိုက်ပါ ကွန်ပျူတာရဲ့ Desktop Screen ကြီးပေါ်လာသည်အထိစောင့်နေလိုက်ပါ။



Congratulations ပေါ့ဗျာ အပေါ်ကအဆင့်တွေကို အောင်မြင်စွာကျော်ဖြတ်ခဲ့ပြီးဖြစ်လို့ 
Windows 7 Ultimate တင်ခြင်းကိစ္စ အောင်မြင်စွာပြီးဆုံးပါပြီ။

0 comments:

Post a Comment

Categories

Unordered List

Sample Text

Blog Archive

Powered by Blogger.

Social Icons

Followers

Featured Posts

Pages

Popular Posts

Recent Posts

Text Widget