Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Tuesday, April 12, 2016
3:57 AM
Unknown
သတင်း
No comments
အိန္ဒိယနိုင်ငံက ဆင်းရဲသူတွေနဲ့
ချမ်းသာသူတွေကြား ကွန်ပြူတာ နည်းပညာနဲ့ သုံးစွဲမှု အနေထား ကွာဟမှု မရှိစေဖို့
ရည်ရွယ်ပြီး ကမ္ဘာ့ ဈေးအချိုဆုံး ကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ်လိုက်ပြီ
ဖြစ်ပါတယ်။
အာကာ (Aakash) လို့ ဟန္ဒီဘာသာနဲ့ခေါ်တဲ့ မိုးကောင်းကင်လို့ အဓိပ္ပာယ်ရတဲ့ လက်ကိုင် ကွန်ပြူတာ အသေးစားကို တလုံးအတွက် အစိုးရလျှော့ဈေး အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာလောက်နဲ့ ကျောင်းသားတွေကို ရောင်းချပေးမှာ ဖြစ်ပါတယ်။
အာကာ (Aakash) လို့ ဟန္ဒီဘာသာနဲ့ခေါ်တဲ့ မိုးကောင်းကင်လို့ အဓိပ္ပာယ်ရတဲ့ လက်ကိုင် ကွန်ပြူတာ အသေးစားကို တလုံးအတွက် အစိုးရလျှော့ဈေး အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာလောက်နဲ့ ကျောင်းသားတွေကို ရောင်းချပေးမှာ ဖြစ်ပါတယ်။
3:55 AM
Unknown
သတင်း
No comments
Type
your summary here.အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင်
ပြည်ပနိုင်ငံပေါင်း ၂၀ နီးပါးမှ ရဟန်းတော်၊ သီလရှင်၊ အမျိုးသား၊
အမျိုးသမီးများစွာ ပညာဆည်းပူးလျက် ရှိနေကြသည်။ အာရှနိုင်ငံများထဲတွင်
ယင်းတက္ကသိုလ်သည် ပြည်ပနိုင်ငံသားများ အတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို များစွာ
သိရှိလာစေခဲ့ရသည့် အပြင် ၎င်းတို့ ခံယူထားသည့် မြန်မာနိုင်ငံ၏
သာသနာတော်နှင့် ပတ်သက်သည်များနှင့် ပတ်သက်၍ု မဟာတန်း တက်ရောက်နေကြသည့်
ပြည်ပစာသင်သား ရဟန်းတော်များနှင့် မြန်မာစာသင်သား အချို့အား
တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ Type the rest of your post here.

12:07 AM
Unknown
သတင်း
No comments
ဗုဒ္ဓပွင့်ပေါ်ခဲ့တာက
(BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက်
ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်း နှစ်ပေါင်း (၁၁၉၃)နှစ်
ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့
သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက်
သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာ သံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း
သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ်
စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရက
ခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့
12:04 AM
Unknown
သတင်း
No comments
ကမ္ဘာနှင့်အ၀ှမ်း နှစ်စဉ် ပြုလုပ်နေတဲ့ ဘယ်စာရင်းမှာမဆို
အောက်ဆုံးရောက်နေတဲ့ မြန်မာနိုင်ငံက သဘာဝသယံဇာနှင့် ပတ်သက်လာရင်
ထိပ်ဆုံးစာရင်းမှာ ပါလာတာကိုတွေ့ရပါတယ်။
ဗြိတိသျှ ကိုလမ်ဘီယာတက္ကသိုလ်က ပြုလုပ်တဲ့ The Eco2 Index ဂေဟစနစ် အညွန်းကိန်းမှာ စင်္ကပူနိုင်ငံက ကမ္ဘာ့ အဆိုးဆုံး စာရင်းမှာ ပါဝင်သွားပါတယ်။
ကမ္ဘာ့ အဆိုးဆုံး ငါးနိုင်ငံက
၁။ စင်္ကာပူ ၂။ ဂျော်ဒန် ၃။ ကိုးရီးယား ၄။ အစ္စရေး ၅။ ကူဝိတ်နိုင်ငံ တို့ဖြစ်ကြပါတယ်။
ဂေဟစနစ် အကောင်းဆုံး ငါးနိုင်ငံက
၁။ ဗော်လဗီးယား ၂။ အင်ဂိုလာ ၃။ နမီးဘီးယား ၄။ ပါရာဂွေး ၅။ အာဂျင်တီးနား တို့ဖြစ်ကြပါတယ်။

Monday, April 11, 2016
11:38 PM
Unknown
သတင်း
No comments
ပြည်ပသာသနာပြုပုဂ္ဂိုလ်များ
ပိုမိုပေါ်ထွန်းလာစေရန်အတွက် အွန်လိုင်းမှတစ်ဆင့် အဝေးသင်ပညာရေး စနစ်ဖြင့်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် သာသနာရေးနှင့် စပ်လျဉ်းသည့်
မူဝါဒ၊ ရည်မှန်းချက်လုပ်ငန်းစဉ်များ ဥပဒေမူကြမ်း တွင်ဖော်ပြချက်များ
အရသိရသည်။ ကမ္ဘာတစ်ဝန်းသို့ ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ ရှင်ပြုပွဲ၊
အလှူပွဲစသည်တို့အား Home Page မှ တစ်ဆင့်အွန်လိုင်းဖြင့်
ဖြန့်ဝေသာသနာပြုခြင်း လုပ်ငန်းများကို
11:24 PM
Unknown
သတင်း
No comments
မိုဘိုင်းဖုန်းများ၏ ညပိုင်း ဖုန်းခေါ်ဆိုခနှုန်းထားများကို မတ်လ ၁၄
ရက်နေ့မှစ၍ ထက်ဝက်လျော့ချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း
တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
မတ်လ ၁၄ ရက်နေ့မှစ၍ ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း မိုဘိုင်းဖုန်းများ ခေါ်ဆိုအသုံးပြုသည် ဆိုပါက လက်ရှိကောက်ခံနေသည့် တစ်မိနစ် ကျပ် ၅၀ နှုန်းအစား တစ်မိနစ် ၂၅ ကျပ် နှုန်းသာ ကောက်ခံသွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူများက ပြောကြားခဲ့ပါ သည်။

11:23 PM
Unknown
သတင်း
No comments
NASA's Kepler mission has discovered the first Earth-size planets orbiting a sun-like star outside our solar system. The planets, called Kepler-20e and Kepler-20f, are too close to their star to be in the so-called habitable zone where liquid water could exist on a planet's surface, but they are the smallest exoplanets ever confirmed around a star like our sun.
ဒီတပတ်တော့ သိပ္ပံပညာရှင်တွေ ရှာဖွေနေကြတဲ့ ကမ္ဘာသစ် ဂြိုဟ်သစ်တွေ အကြောင်း Illinois ပြည်နယ် Spoon River ကောလိပ်က နက္ခတ္တဗေဒပါမောက္ခ ဒေါက်တာ ၀င်းသာထွေးက ပြောပြပေးမှာပါ။
"ပထမတော့ နေမိသားစုထဲမှာ ဂြိုဟ် ၉လုံး အပြင် တခြားဂြိုဟ်များ ရှိမလားလို့ ရှာပါတယ်။ အဲဒီအခါမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးတွေ နေမိသားစုထဲမှာ တွေ့ပါတယ်။
ဒါပေမယ့်လို့ နေမိသားစု အပြင်ဘက်မှာ လူတွေနေနိုင်မလား သက်ရှိသတ္တ၀ါတွေ ရှင်သန် နေထိုင်နိုင်မလား ဆိုတဲ့ နေရာတွေကိုလည်း ကျွန်တော်တို့ ရှာကြတယ်"
11:18 PM
Unknown
သတင်း
No comments
ပုဂ္ဂလိက ဝန်ထမ်းများလည်း ပင်စင်လစာ ခံစားခွင့် ရရှိတော့မည်ဟု
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။ ၁၉၅၅ အောက်တိုဘာလ ၂၂
ရက်နေ့က ပြဋ္ဌာန်းခဲ့သော လူမှုဖူလုံရေး ဥပဒေကို ပြန်လည် ပြင်ဆင်မှုတွင် အဆိုပါ
အချက်ကို ထည့်သွင်းခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ခံစားမှုများ
ရှိလာမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောသည်။ ၎င်းက
ဆက်လက်၍ “ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုကတော့
အတည်ပြုပြီးသွားပြီ။ ပြည်ထောင်စုလွှတ်တော်ပဲ ကျန်တော့တယ်” ဟု ပြောသည်။
11:16 PM
Unknown
သတင်း
No comments
မြန်မာပြည်အနေဖြင့်
ပြုပြင်ပြောင်းလဲမှုများကို မှန်မှန်ကန်ကန် ဆောင်ရွက်သွားပါက နှစ်စဉ်
စီးပွားတိုးတက်နှုန်း ၈ ရာခိုင်နှုန်းထိ ရောက်နိုင်ပြီး သက္ကရာဇ် ၂၀၃၀
ခုနှစ်ရောက်လျင် ပျမ်းမျှ တဦးချင်း ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၀၀၀ (ကျပ်ငွေ
နှစ်သန်းငါးသိန်းရှစ်သောင်း) အထိ ဖြစ်လာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်
Asia Development Bank (ADB) က ထုတ်ပြန်လိုက်သည်။
ADB ၏ နောက်ဆုံးအစီရင်ခံစာတွင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အချက်အချာကျသော ပထဝီအနေအထား၊ နုပျိုသော အလုပ်သမားအင်အားစု၊ သဘာဝသယံဇာတ အစရှိသည့် ကြွယ်ဝသော ပိုင်ဆိုင်မှုများကို အောင်မြင်စွာ အသုံးချနိုင်ပါက မြန်မာနိုင်ငံသည် “အာရှ၏ လင်းလက်လာမည့် ကြယ်တစင်း” ဖြစ်လာနိုင်ကြောင်း ရေးသားဖော်ပြခဲ့သည်။

Subscribe to:
Comments (Atom)