Monday, April 11, 2016

မိုဘိုင်းဖုန်းများ၏ ညပိုင်း ဖုန်းခေါ်ဆိုခနှုန်းထားများကို မတ်လ ၁၄ ရက်နေ့မှစ၍ ထက်ဝက်လျော့ချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
မတ်လ ၁၄ ရက်နေ့မှစ၍ ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း မိုဘိုင်းဖုန်းများ ခေါ်ဆိုအသုံးပြုသည် ဆိုပါက လက်ရှိကောက်ခံနေသည့် တစ်မိနစ် ကျပ် ၅၀ နှုန်းအစား တစ်မိနစ် ၂၅ ကျပ် နှုန်းသာ ကောက်ခံသွား မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူများက ပြောကြားခဲ့ပါ သည်။


ကျန်အချိန်များတွင် မိုဘိုင်း ဖုန်းခေါ်ဆိုပါက လက်ရှိ တစ်မိနစ် ကျပ် ၅၀နှုန်းအတိုင်းသာ ပုံမှန် ကောက်ခံမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။
''မတ်လ ၁၄ ရက်နေ့ကစပြီး ည ၁၁ နာရီကနေ နံနက် ၇ နာရီ အတွင်း မိုဘိုင်းဖုန်းအသုံးပြုမယ်ဆိုရင် လက်ရှိ တစ်မိနစ်ကို ကျပ် ၅၀ ကောက်ခံနေရာကနေ ၂၅ ကျပ် ပဲ ကောက်ခံပါတော့မယ်။ ကျန်တဲ့အချိန်တွေမှာတော့ ကျပ် ၅၀ နှုန်းပဲ ဆက်လက်ကောက်ခံမှာပါ''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက မတ်လ ၂ ရက်နေ့ က ပြောကြားခဲ့ပါသည်။
ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူများကလည်း ''ဟုတ်ပါတယ်။ ညပိုင်းဖုန်းခေါ်ဆိုခနှုန်းတွေကို လက်ရှိကောက်ခံနေတဲ့နှုန်းထက် တစ်ဝက်လျော့ချမှာပါ။ မတ်လ ၁၄ ရက် နေ့ စလျော့မယ်လို့ သိရတယ်'' ဟု ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Categories

Unordered List

Sample Text

Blog Archive

Powered by Blogger.

Social Icons

Followers

Featured Posts

Pages

Popular Posts

Recent Posts

Text Widget