Monday, April 11, 2016




ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်ပေးမည့် နည်း ၇ နည်းအပြုံးလှလှ ပြုံးနိုင်ဖို့ အတွက် သင့်တော်တဲ့ ခံတွင်း ထိန်းသိမ်းမှု နည်း လမ်း တွေ ကို စနစ်တကျလုပ်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။

(၁) အာဟာရကို သတိ ထား စားပါ

ကာဗိုဟိုက်ဒရိတ်နည်းတဲ့ အစာကို စားတာကြောင့် ခံတွင်းအနံ့ဆိုးထွက်စေနိုင် ပါတယ်။ ကော်ဖီ၊ အရက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့လို ခံတွင်းအနံ့ဆိုးထွက် စေတဲ့အစာတွေကို စားပြီး ချိန်မှာ တရုတ်နံနံကို ဝါးပေး လိုက်ပါ။

(၂)သကြားမပါသော ပီကေဝါးပါ

တံတွေးဟာ ခံတွင်းအနံ့ဆိုးထွက်တာကို ဖြစ်စေနိုင်ပါတယ်။ ခံတွင်းခြောက်သူတွေမှာ ခံတွင်းအနံ့ဆိုး ထွက်တာ ကို ဖြစ်စေနိုင်ပါ တယ်။ တချို့ဆေးဝါးတွေ နဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် ခံတွင်းခြောက်စေနိုင်ပါတယ်။ နံနက်ခင်းမှာ ခံတွင်း အနံ့ဆိုး ထွက်နေ တယ်လို့ ခံစားရရင် တံတွေးအထွက်နည်း လို့ပါ။ သကြားမပါတဲ့ ပီကေ ဝါးပေးတာက တံတွေးထွက်အောင် လှုံ့ဆော်ပေးပါတယ်။ သကြားပါတဲ့ ပီကေ မှာ Xylitol ပါဝင်တာ ကြောင့် သွားပိုးစားစေ တဲ့ ဘက်တီးရီးယား ကို လျော့ကျစေနိုင်ပါ တယ်။

(၃) လျှာကို သန့်စင်ပါ

တစ်နေ့ကို နှစ်ကြိမ် သွားတိုက်တာနဲ့ သွားကြားပွတ် ကြိုးထိုးပေးတာအပြင် လျှာခြစ်တံနဲ့ လျှာကိုပါ သန့်စင်ပေး ဖို့ လိုပါတယ်။ လျှာရဲ့ အနောက်ဘက်အပိုင်းမှာ အနံ့ဆိုး ထွက်တာက ခံတွင်းအနံ့နံတာကို ဖြစ်စေနိုင်ပါတယ်။ အ ကြောင်းကတော့ လျှာမှာ စာြးွကင်းစားကျန်နဲ့ ဘက်တီးရီး ယားပိုးတွေကို ဖမ်းယူထားနိုင်တဲ့ နန်းကြိုးမျှင်ပေါင်း သန်း နဲ့ချီပြီးရှိတာကြောင့် ခံတွင်းအနံ့ဆိုးထွက်တာကို ဖြစ်စေနိုင် ပါတယ်။

(၄) ခံတွင်း စိုစွတ်နေပါစေ

ရေကို များများသောက်တာ က ခံတွင်းအနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေကို ကင်းစင် စေပါတယ်။ လေ့လာမှုအရ လက် ဖက်ရည်ကြမ်းထဲမှာ ပိုလီဖီနော ဓာတ်ပါဝင်တာကြောင့် ခံတွင်းထဲ ဘက်တီးရီးယားကြီးထွားမှုကို လျော့ကျစေတယ်လို့ သိရပါတယ်။

(၅) ခံတွင်းရနံ့ သင်းပျံ့ အောင် သစ်ကြံပိုးခေါက်သုံးပါ

သစ်ကြံပိုးခေါက်မှာ ခံတွင်းအနံ့ဆိုးတာကို ကင်းစေ တဲ့ဒြပ်ပေါင်းတွေ ပါဝင်တာ ကြောင့် သစ်ကြံပိုးခေါက်နဲ့ လုပ်ထားတဲ့ပီကေကို ဝါးပေး ပါ။ လေ့လာမှုအရ ဒီပီကေကို ဝါးပေးတဲ့သူတွေက ခံတွင်းထဲမှာ ဘက်တီးရီးယားအဆင့် ၅၀ ရာခိုင်နှုန်းကျော် လျော့ကျစေတယ်လို့ သိရပါတယ်။

(၆) ကျန်းမာရေးပြဿနာကို ဆန်းစစ်ကြည့်ပါ

ခံတွင်းထဲမှာ ရှိတဲ့ ပိုးမွှားတွေကြောင့် ခံတွင်းအနံ့ဆိုးထွက်တာကို ဖြစ်စေနိုင်ပါတယ်။ သွားပိုးစားတာ၊ သွားဖုံးရောဂါနဲ့ သွားနဲ့တာ တွေကြောင့် ခံတွင်းထဲမှာ ဘက်တီးရီးယားတွေ ပျံ့နှံ့ပွားများနေနိုင်ပါ တယ်။ သင်က ခံတွင်းကျန်းမာရေးကောင်းနေပြီး ခံတွင်းအနံ့ဆိုးထွက် နေရင် အသက်ရှူလမ်းကြောင်းပိုးဝင်တာ၊ ဆီးချိုသွေးချိုရောဂါ၊ ရင်ပူ တာ၊ အသည်းရောဂါနဲ့ ကင်ဆာတို့လို နာမကျန်းမှုတွေ ရှိ၊မရှိ ဆန်း စစ်ရှာဖွေသင့်ပါတယ်။ ခံတွင်းနံ့မနံဖို့ အကောင်းဆုံးနည်းက ဆေးလိပ်၊ ကွမ်း စတာတွေကို ရှောင်ဖို့ဖြစ်ပါတယ်။

(၇)သင့်တော်သော ခံတွင်းဆေးရည်သုံးပါ

ဘက်တီးရီးယားဆန့်ကျင်တဲ့ ခံတွင်း သန့်ဆေးရည်ဟာ ခံတွင်းပိုးဝင်တဲ့ အခြေအ နေကို တွန်းလှန်ပေးနိုင်တာကြောင့် ခံတွင်း အနံ့နံတာကို လျော့ကျစေပါတယ်။ လေ့လာ မှုအရ ခံတွင်းသန့်ဆေးရည်မှာ Chlorhexidine ၊Cetylpyridinium Chloride ၊ Chlorine dioxide နဲ့ Zincတို့ ပါဝင်ရင် ခံတွင်းအနံ့ဆိုးထွက်တာကို လျော့ကျစေ တယ်လို့ သိရပါတယ်

0 comments:

Post a Comment

Categories

Unordered List

Sample Text

Blog Archive

Powered by Blogger.

Social Icons

Followers

Featured Posts

Pages

Popular Posts

Recent Posts

Text Widget