SIM Card Management
SIM 2 ကတ်သုံးဖုန်းတွေမှာ တွေ့ ရပါတယ်။
Default call ဒါမှ မဟုတ် Default Message ပြောင်းဖို့ ပါ။ Default call ကို Card 1 ပေးထားမယ် ဆိုရင် ဖုန်းခေါ်ရင်
card 1 နဲ့ ထွက်ပါမယ်. Default data ကို
card 1 ပေးထားရင် အင်တာနက် က Card 1 နဲ့ သွားပါမယ်။ Message လည်း ထိုနည်းလည်းကောင်းပါပဲ။
တစ်ခု သတိထားရမှာကတော့ CDMA+GSM ဖုန်းတွေမှာ CDMA ကတ်ကသာ အင်တာနက် သုံးနိုင်မှာဖြစ်ပါတယ်။
တကယ်လို့  GSM ကတ် ကို အင်တာနက် သုံးချင်တယ်ဆိုရင် CDMA ကတ် ကို ဖယ် ထုတ်ထားမှ (သို့မဟုတ်
) Setting ထဲမှာ CDMA ကတ် ကို
Disable ပေးထားမှသာ သုံးနိုင်ပါမယ်
။ ဒါတောင်မှ 2G ပဲရမှာပါ။
WLan or WIFI
Wifi ကို အဖွင့် အပိတ်လုပ်လို့ ရပါမယ်။ တစ်ခြားဖန်ရှင်တွေ
ပါပေမယ့် သိပ်တော့ အသုံးမလိုပါ။ တစ်ချို့ ဖုန်းတွေမှာ ဒီနေရာမှာ wifi direct ဆိုတာ
ပါတတ်ပါတယ်။ သူက ဖုန်းအမျိုးအစားတူ တွေ အတွက်
wifi ကနေတစ်ဆင့်  data ဖလှယ် လို့ ရစေတဲ့ လုပ်ဆောင်ချက် ပါ။ ခုတော့  ဒီ နေရာမှာ Zapya ပေါ်လာတဲ့ အတွက် အသုံးနည်းသွားပါပြီ။