ကမ္ဘာနှင့်အ၀ှမ်း နှစ်စဉ် ပြုလုပ်နေတဲ့ ဘယ်စာရင်းမှာမဆို
အောက်ဆုံးရောက်နေတဲ့ မြန်မာနိုင်ငံက သဘာဝသယံဇာနှင့် ပတ်သက်လာရင်
ထိပ်ဆုံးစာရင်းမှာ ပါလာတာကိုတွေ့ရပါတယ်။
ၿဗိတိသွ် ကိုလမ္ဘီယာတကၠသိုလ္က ျပဳလုပ္တဲ့ The Eco2
Index ဂေဟစနစ် အညွန်းကိန်းမှာ စင်္ကပူနိုင်ငံက ကမ္ဘာ့ အဆိုးဆုံး စာရင်းမှာ
ပါဝင်သွားပါတယ်။
ကမ္ဘာ့ အဆိုးဆုံး ငါးနိုင်ငံက
၁။ စင်္ကာပူ ၂။ ဂျော်ဒန် ၃။ ကိုးရီးယား ၄။ အစ္စရေး ၅။ ကူဝိတ်နိုင်ငံ တို့ဖြစ်ကြပါတယ်။
ဂေဟစနစ် အကောင်းဆုံး ငါးနိုင်ငံက
၁။ ဗော်လဗီးယား ၂။ အင်ဂိုလာ ၃။ နမီးဘီးယား ၄။ ပါရာဂွေး ၅။ အာဂျင်တီးနား တို့ဖြစ်ကြပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးပြေးနေတဲ့
နိုင်ငံဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၅၀ ထဲမှာ မြန်မာက အဆင့် ၃၂ မှာရှိပါတယ်။
မလေးရှားက အဆင့် ၈၀ နှင့် ထိုင်းနိုင်ငံက အဆင့် ၉၆ ကိုရောက်သွားပါတယ်။
ဒီသုတေသနက ကမ္ဘာ့ဘဏ်က အချက်အလက်တွေကို အခြေခံပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံဟာ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးတွေမှာ ပိုငွေတွေ ပြနေပေမယ့်
ဂေဟစနစ် ချွှတ်ခြုံကျမှု က ကမ္ဘာ့ ထိပ်ဆုံးစာရင်းမှာ ပါသွားပါတယ်။ စင်္ကာပူ
ဥပဒေပြုအမတ်တွေဟာ သူတို့နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနှင့် ဂေဟစနစ် အဆက်အစပ်ကို
စိုးရိမ်ပူပင်မှုတွေ အစဉ်ရှိခဲ့ကြပါတယ်။
အထူးသဖြင့် ရေပြတ်လတ်မှု၊ စွမ်းအင်မရှိမှုနှင့် အခြားသော သဘာဝ သယံဇာ မရှိမှုတွေကြောင့် စိုးရိမ်ပူပင်မှုတွေရှိခဲ့ပါတယ်။
စင်္ကာပူရဲ့ လေအေးစက်တတ်ထားတဲ့ ကြီးမားတဲ့ ရှော့ပင်းမောတွေနှင့် လူထုရဲ့
စားသုံးမှုတွေက ထုတ်လုပ်လိုက်တဲ့ စွန့်ပစ် ပစ္စည်းတွေဟာ စင်္ကာပူမှာရှိတဲ့
စိုက်ပျိုးနိုင်တဲ့မြေနဲ့ စွမ်းအင်ကို မမျှမတ ဖြစ်စေပါတယ်။
စင်္ကပူရဲ့ အဓိက ပြသနာက စွမ်းအင်နဲ့ ရေကို နိုင်ငံခြား တိုင်းပြည်တွေကနေ တင်သွင်းနေရတဲ့
ပြသနာဖြစ်ပါတယ်။ အိမ်နီးချင်း မလေးရှားနိုင်ငံက ၂၀၆၁ ခုနှစ်ထိ စင်္ကာပူအတွက် လိုအပ်တဲ့
ရေကိုဖြည့်ဆည်းပေး ဖို့သဘောတူထားပါတယ်။
(စောပြည့်ညို- မေက္ခ)
Tuesday, April 12, 2016
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment