
ကျွန်ုပ်အသုံးပြုနေသည့် ကွန်ပျူတာတွင် Anti Virus မရှိသည်ဖြစ်ရာ အထူးအရေးပေါ် Free Software တစ်ခုဖြစ်သော Microsoft Security Essentials တွေးမိ၍ အင်တာနက်မှ Download ဆွဲပြီး Recycler Virus ကို အမြစ်ပြတ် တိုက်ဖျက်လိုက်လေ၏။ ၎င်း ဆော့ဝဲလ်ဖြင့် Scan စစ်ပြီးချိန်တွင် Flash Drive တွင် ရှိနေသော Recycler Virus သည် Folder တစ်ခု အနေဖြင့်သာ ရှိနေလေတော့၏။ ထို့နောက် အလွယ်တကူပင် ၎င်း Folder ကို Delete လုပ်လိုက်တော့သည်။
Microsoft Security Essentials သည် Microsoft မှ Free ပေးထားပြီး Virus တော်တော်များများကို ရှင်းထုတ်နိုင်လေ၏။ ကိစ္စအားလုံးပြီးစီးသည်နှင့် Flash Drive ကို ကျွန်ုပ်၏ မိတ်ဆွေ မောင်လွင် လက်ထဲသို့ အကောင်းပကတိ ပြန်လည်အပ်နှံရာ ကျေးဇူးအထူးတင်သဖြင့် မနက်စာကို ဒကာခံ ကျွေးမွေးသွားတော့သည်။
0 comments:
Post a Comment