Thursday, April 14, 2016




 ကျနော်တို့လို့ Mobile Service သမား တွေအတွက်  Firmware Upgrade/ Bootloader/TWRP/Flash/Root လုပ်တာတွေကိုလုပ်ဆောင်နိုင်ရန်အတွက် မိမိကွန်ပျူတာမှာ သက်ဆိုင်ရာ Android Driver တွေကို ကွန်ပျူတာမှာ Install ပြုလုပ်ထားပြီးသားဖြစ်နေဖို့ အရမ်းအရေး ကြီးပါတယ်။ အခုကျနော် တင်ပေးလိုက်တာကတော့  Android Driver များစွာထဲ့ကမှ ADB-Driver ကို Install အလွယ်ဆုံး  ပြုလုပ်နည်း  လေး ဖြစ်ပါတယ်။
ဒီ  ADB-Driver  က Android စမတ်ဖုန်းတွေအတွက်ဘာတွေကိုအဓိကလုပ်ဆောင်နိုင်သလဲဆိုရင်တော့ Android ဖုန်းအတွင်းပိုင်းကိုMod/Hack ပြုလုပ်ချင်တဲ့သူတွေအတွက် အသုံးဝင်တဲ့  ADB-Driver တစ်ခု  ဖြစ်ပါတယ်။ ဒီလို့ပိုစ့်တွေကို  အသေးစိတ်  အချိန်ရှိရင် အများကြီး တင်ပေးဖို့ စိတ်ကူပြီးသားပါ . ခုလည်း သင်္ကြန်မှာ အလုပ်ပိတ်ရက်မို့ အချိန်အားတာနဲ့ အခြေခံနည်းပညာ တစ်ခု ဖြစ်တဲ့   ADB-Driver ကို ၁၅ စက္ကန့်ဖြင့်  Install နည်းကိုလက်ဆောင် အဖြစ် တင်ပေးလိုက်ပါတယ်ဗျာ။

အလွယ်ဆုံး ထည့်သွင်း ပြုလုပ်နည်းကို အောက်မှာ Screenshots  ပုံတွေနှင့်  ရှင်းပြထားပါတယ်

အရင်ဆုံး ဒေါင်းလော့ရလာတဲ့ Rar ဖိုင်ကိုဒေါင်းလုပ်ယူပြီးရင် WinRAR ဖြင့် Extract လုပ်ပါ။
ဖိုင်ဖြည်ပြီး ရလာတဲ့ Setup ဖိုင်ပေါ်ညာကလစ်ထောက်..
    Run as Administrator ဖြင့်ပုံမှာပြတဲ့အတိုင်း Run လိုက်ပါ ။


 ADB-Driver ကို Run လိုက်တာနဲ့ cmd box လေးမှာ အောက်ပါပုံအတိုင်း တက်လာပါတယ်။
Y"Yes" ဖြစ်ပြီး၊ "N" သည် "No" ဖြစ်ပါတယ်။


အောက်မှာ ပြထားတဲ့အတိုင်း (Y/N) ရဲ့နောက်မှာ y(စာလုံးသေး) ရိုက်ပြီး
    Enter ကို ဆက်ခေါက်ပေးပါ။

အဲ့ဒီ အောက်ကအတိုင်းစာတန်းတက်လာပြီး Install လုပ်မှာလားမေးပါလိမ့်မယ်။

အရင်အတိုင်းဘဲ  (Y/N) ရဲ့နောက်မှာ y(စာလုံးသေး) ရိုက်ပြီး
    Enter ကို ဆက်ခေါက်ပါ။


Do you want to device drivers?..ဆိုတဲ့စာတန်းပေါ်လာပါမယ်။


အရင်အတိုင်းဘဲ  (Y/N) ရဲ့နောက်မှာ y(စာလုံးသေး) ရိုက်ပြီး
    Enter ကို ဆက်ခေါက်ပါ။

 Device Driver Installation Wizard! ..ဘောက်လေး ပေါ်လာရင် Next ကိုဘဲ  ပြန်ကလစ်ပါ။

Always trust software from "Google Inc" စာတန်းလေးကို အမှတ်ခြစ်ပြီး 
Install ဆိုတာကို ပြန်ကလစ်ပါ။

ခဏလေးစောင့်တာနဲ့ လိုအပ်တဲ့ Drivers များကို Install ပြုလုပ်ပြီးတဲ့အခါ
အောက်ပါပုံအတိုင်းတက်လာပါလိမ့်မယ်၊ Finish ဆိုတာကိုပြန်နှိပ်ပေးလိုက်ပါ။


ဒါဆိုရင်...၁၅ စက္ကန့်ဖြင့် ADB-Driver ကို  Install အလွယ်ဆုံး  ပြုလုပ်နည်း  အောင်မြင်စွာ ပြီးဆုံးပါပြီ။
မည်သည့် Android စမတ်ဖုန်းမဆို ကွန်ပြူတာနဲ့ချိတ်ဆက်လိုက်တာနဲ့ အဲဒီ Android စမတ်ဖုန်းတွေကို ကွန်ပြူတာက အလွယ်တကူ ဖတ်ပေးပါလိမ့်မည်။


                        

နည်းပညာ ကိုနိုင်ဝင်းADB-Driver-v1.4.3.rar (8.92MB)

0 comments:

Post a Comment

Categories

Unordered List

Sample Text

Blog Archive

Powered by Blogger.

Social Icons

Followers

Featured Posts

Pages

Popular Posts

Recent Posts

Text Widget