Saturday, April 9, 2016

https://scontent-b.xx.fbcdn.net/hphotos-xpf1/v/t1.0-9/p480x480/10603714_395584977257868_3442825013118043524_n.png?oh=01c768d413d28c1672ebcc4efcd1d0c5&oe=54B2B00A
Facebook က Stickers များကို Timeline, Groups နှင့် Events Post များ၏ Comment တွင် အသုံးပြုနိုင်စေ ရန် ပြုလုပ်ပေးလိုက်ပြီ ဖြစ်သည်။

Stickers များကို Facebook Messenger တွင် အသုံးပြုနိုင်သည်မှာ ကြာပြီဖြစ်သော်လည်း ယခုမှသာ Messenger ၏ ပြင်ပတွင် အသုံးပြုနိုင်ခြင်း ဖြစ်ပါသည်။


Sticker များကို ရယူ အသုံးပြုနည်းသည် အတူတူပင်ဖြစ်ပါသည်။ အသုံးပြုသူများအနေဖြင့် အစပိုင်းတွင် Sticker အနည်းငယ်ကိုသာ ရရှိထားပါသည်။ ထို့နောက်တွင် Facebook ၏ Sticker Store မှ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ Sticker များကို Theme များနှင့် ခွဲခြားထားပြီး ထွက်ရှိသော ရုပ်ရှင်များအတွက်လည်း ပြုလုပ်ပေးထားပါသည်။ ဥပမာ အားဖြင့် Muppets Most Wanted နှင့် Despicable Me 2 ရုပ်ရှင်များအတွက် ပြုလုပ်ပေးထားပါသည်။ အားကစားအသင်းများနှင့် နာမည်ကြီး ဂိမ်းများအတွက်လည်း Sticker များရှိပါသည်။


https://scontent-b.xx.fbcdn.net/hphotos-xap1/v/t1.0-9/s526x296/10644646_395584933924539_7717059299460311784_n.jpg?oh=cceb1a16b63068c3cebc805889adedc2&oe=54F593E1

“ Sticker များဟာ Comment များပြုလုပ်ရာမှာ စကားလုံးများထက် ပိုမိုပျော်စရာကောင်းမယ်လို့ ထင်ပါတယ်။ စိတ်လှုပ်ရှားမှုများကို လွယ်ကူစွာ ပြသနိုင်မှာပါ။ စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းကို ပျော်ရွှင်အောင် ပြု လုပ်ပေးနိုင်ပါတယ်။ ကွဲပြားတဲ့ Comment များစွာကို ပြုလုပ်နိုင်မှာပါ။ “ ဟု Facebook မှ အင်ဂျင်နီယာ Bob Baldwin က Facebook Post တစ်ခုတွင် ရေးသားထားပါသည်။

ယခုအချိန်တွင် Facebook ၏ Sticker အားလုံးသည် အခမဲ့ ဖြစ်ပြီး နောက်ပိုင်းတွင်မူ အခပေး Sticker များကို ရောင်းချပေးမည် ဖြစ်သည်။ အထူးသဖြင့် Brand များက သူတို့၏ ကိုယ်ပိုင်စတစ်ကာများကို ထုတ်လုပ်ရောင်းချမည် ဖြစ်သည်။ Viber, WeChat တို့ကဲ့သို့ Messaging Apps များသည် စတစ်ကာ စတိုးများကို ပြုလုပ်ပေးထားပြီး စတစ်ကာများ ရောင်းချပေးနေကြပါသည်။

0 comments:

Post a Comment

Categories

Unordered List

Sample Text

Blog Archive

Powered by Blogger.

Social Icons

Followers

Featured Posts

Pages

Popular Posts

Recent Posts

Text Widget