Saturday, April 9, 2016



ပထမဦးဆုံးပြောလိုတာကတော့မိမိထင်ရာတွေသာရေးထားတာဖြစ်လို့အမှားတွေပါနိုင်ပါတယ်ပြီးတော့ခုမှစတင်မယ့်သူတွေအတွက်သာဖြစ်ပြီးဆရာသမားတွေအတွက်ရယ်စရာလေးတွေသက်သက်ဖြစ်ပါတယ်
မိုဘိုင်းဖုန်းဟာဒ်ဝဲပိုင်းမှာတော့ခဲဂေါက်၊ဟော့ဂမ်းစတဲ့အခြေခံကျတဲ့ကိုင်တွယ်မှုတွေကိုမကြာခနလေ့ကျင့်ပေးခြင်းဖြင့်မိမိကျွမ်းကျင်မှုကိုမြင့်တင်နိုင်ပါတယ်။ခဲဂေါက်မနိုင်ရင်တကယ်တမ်းလက်တွေ့လုပ်တဲ့အခါမှာအခက်အခဲတွေကြုံတွေ့ရမှာဖြစ်တာမို့ပါ။

hardware သမားတစ်ယောက်ပြုလုပ်ထားရမှာတွေကတော့
1/ Basic Electronic Principles
2/ Reading layout diagram



3/ Using Hot Gun,PowerSupply& other hardware repair tool
4/ Hardware practical&general knowledge
5/chaningCPU,Power IC & Jumper
 စသဖြင့်လေ့လာထားသင့်ပါတယ်။ဒီapplicationမှာတစ်ခုချင်းစီရှင်းပြမယပို့စ်မဟုတ်ဘဲမိမိအတွေ့အကြုံအရအဖြစ်များတဲ့ hardware error တွေနဲ့ဖြေရှင်းနည်းတွေကိုအကျဉ်းချုပ် note သဘောရေးသားတင်ပြမှာဖြစ်ပါတယ်။မိမိလက်တွေ့လုပ်ငန်းခွင်ဝင်တဲ့အခါများစွာအသုံးဝင်မှာဖြစ်ကြောင်းအာမခံပါတယ်။
၁။အားသွင်းခေါင်းဖြုတ်လျှင်အားသွင်းခေါင်းဘေးရှိconponent R/C များကိုလွှင့်မကျအောင်မီးခံတိပ်ကပ်ပြီးအပူ 300ံနဲ့လေအဆုံးထိတင်ကာပတ်ပတ်လည်ပြေးပေးပါ။မသောအခါတွင်ဆွဲမခြင်းမပြုရ။အထိုက်အလျောက်ကျွတ်ပါလာမည်ဖြစ်ပါသည်။
ထို့နောက်တင်နာဖြင့်ပြောင်အောင်ဆေးပေးပါ။ထို့နောက်အပေါက်ကလေးများကိုခဲဂေါက်ခဲစုတ်တံသုံးပြီးအပေါက်ပြန်ဖောက်ပြီးအားသွင်းခေါင်းအသစ်အားအံဝင်အောင်ချပြီး HOT Gun ၃၀၀ဖြင့်ပတ်ပတ်လည်အပူပြေးပါ။ခြေငုတ်ကလေးများကိုစိအောင်သေချာအပူပေးပါ။မစိလျှင်အားမ၀င်ပါ။အားလုံးတပ်ဆင်ပြီးလျှင်တင်နာဖြင့်ပြန်ဆေးပါ။သေချာအောင်အားသွင်းခေါင်းအသစ်ခြေထောက်ကလေးများကိုခဲလိုက်ပေးလိုက်ပါ။

၂။ဘက်ထရီမကောင်းလို့ရှော့ရိုက်မယ်ဆို supply ကိုဗို့အဆုံးထိတင်..အပေါင်းအနုတ်မှန်အောင်ချိတ် Shock ရိုက်ပေးပါ။ဆယ့်ငါ့းစက္ကန့်လောက်ကြာရင် supply ကို 4.0 ဗို့ကိုပြန်ချိတ်ပြီးအားသွင်းပေးလိုက်ပါ။

၃။ Huawei 8812,8818,8825 တို့လိုအပေါ်ဘုတ်နဲ့အောက်ဘုတ်နှစ်ကန့်ပါတဲ့ဖုန်းတွေမှာအားမ၀င်ခြင်းလိုင်းမတက်ခြင်းမိုက်မရခြင်းအယ်ရာများတပြိုင်နက်ဖြစ်ပေါ်လျှင်အပေါ်ဘုတ်နဲ့အောက်ဘုတ်ကိုဆက်ပေးသောကြိုးပြားအားစစ်ပါ။ဆော့ကက်ငုတ်ကလေးများကောင်းမကောင်းစစ်ပေးပါ။အပေါ်အောက်ဆော့ကက်တပ်ဆင်ထားတာမိမမိစစ်ပါ။

၎။ဖုန်းခေါ်စဉ်မီးမှိတ်သွားပြီးပြန်တက်မလာဘဲတစ်ဖက်ကဖုန်းချမှပြန်လင်းလာပါက Sensor အား HotGun250ဖြင့်ဖြုတ်ချပါ။

၅။ Touch လဲလျှင်အဟောင်း Touch ကိုအရင်မခွာရပါ။ဆိုင်တွင်ဖုန်းဆက်မေးပြီးးလျှင်သွားစမ်းပါ။အားလုံးကောင်းပြီးဝယ်လာပြီးမှာအဟောင်းကိုခွာချပ်။ Touch ပြန်ကပ်လျှင်လက်ရာများအားသေချာစွာပြန်သုတ်ပေးပါ။သံဇကာပေါက်ကလေးအားလည်းပြန်တပ်ဖို့မမေ့ပါနဲ့။

၆။ပါဝါမလာသောဖုန်းများလင်အပ်လျှင်အားသွင်းကြိုးအရင်ထိုးကြည့်ပါ။ပါဝါနိုးလာလျှင်ခလုတ်အားတစ်ခက်စစ်ကြည့်ပေးပါ။အားသွင်းကြိုးထိုးလို့ပါဝါလာသောဖုန်းသည်ခလုတ်ကြောင့်သာဖြစ်သည်။

၇။ earpiece, speaker အသံတိုးလျှင်အသစ်လဲပြီးလို့အသံတိုးနေလျှင်သံဇကာပေါက်အ၀တ်စလေးများအားခွာချလိုက်ပါ။အသံပိုကျယ်လာပါမည်။

၈။ဆိုင်တွင်ဘက်ထရီအားလုံးဝဒေါင်းနေလျှင်လည်း no power ဖြင့်လာအပ်တတ်သည်။ဘက်ထရီကိုရှော့ရိုက်လိုက်ပါ။

၉။အထိုင်socketနဲ့တွဲပါလာသောSim Card နှင့်Momoryကဒ်မဖတ်လျှင်ထိုင်ဆော့ကက်အထိုင်တို့အားဆေးပါ။။မကောင်းမှအသစ်လဲပါ။

၁၀။ဆင်းဒ်ကဒ်မဖတ်လျှင်ငုတ်ကျိုးမကျိုးစစ်ပြီးငုတ်များအောက်သို့နိမ့်နေလျှင်အပေါ်သို့မတင်ပေးပါ။တင်နာဖြင့်ဆေးပါ။



၁၁။ဖုန်းဘုတ်များပေါ်တွင်ချော်ရည်များတင်နာများသုံးပြီးပြောင်းစင်အောင်မဆေးဘဲဟော့ဂမ်းဖြင့်ခြောက်သွေ့အောင်အပူမပေးလျှင်ဘုတ်ရှော့သွားတတ်သည်။မွဲကိန်းဆိုဒ်လာမည်။

၁၂။Mic,Earpiece,Speakerများအသံတိုးသည်ပြောပါက volume ကိုထပ်ချဲ့စမ်းကြည့်ပါ။မရမှာhardwareစစ်ပါ။အသံပိုင်းဆိုင်ရာဆော့ဝဲများကြောင့်တိုးနေခြင်းလည်းဖြစ်တတ်သည်။

၁၃။လိုင်းမတက်လျှင်လိုင်းနှင့်ဆိုင်တဲ့ငုတ်ကလေးများကိုရှာပြီးတော့ jumper ကြိုးလေးများဖြင့်ဆက်ကြည်ပါ။တင်ငုတ်နှစ်ငုတ်...

၁၄။ဟော့ဂမ်းခဲဂေါက်စသည်တို့ကိုင်တွယ်မှုသည်ဟာဒ်ဝဲသမားရဲ့အသက်ဖြစ်သည်။

၁၅။ပါဝါမလာသောဖုန်းအားပြင်ရန်မည်သည့်နေရာမှစပြင်ရန်စဉ်းစားမရပါကတင်နာဖြင့်ဘုတ်ကိုဆေးပါ။ဆပ်လိုင်းချတ်ပါဝါပြန်နိုးပါ။

၁၆။ Touch, LCD များမကွဲမရှဘဲဆွဲမရ LCD မလာတို့ဖြစ်နေပါက Touch /LCD socket များအားတင်နာဖြင့်ဆေးအထိုင်ကျအောင်ဖိချပေးပါ။မရမှသာအသစ်လဲပါ။

၁၇။ Touch IC မှာ C3H လို့စာရေးထားပါတယ်။huawei 8813 ရဲ့ Touch icသည်ဘယ်ဘက်ဆင်းဒ်အထိုင်ရဲ့အပေါ်မှာရှိသည်။Huawei 8818 ရဲ့ Touch Icသည်နားကြပ်ငုတ်ရဲ့အောက်ဘက်လိုင်းငုတ်ကလေးသုံးငုတ်ရဲ့ C3h ပါသောအိုင်စီဖြစ်သည်။8825 တွင်ဘယ်ဘက်ဆဒ်းအထိုင်ရဲ့အပေါ်ဘက်တည့်တည့်တွင်မြင်ရသောအိုင်စီအသေးမှာ Touch icဖြစ်သည်။

၁၈။ Huawei phone များတွင်wifiicသည်ကင်မရာရဲ့ဘေးမှာအဖြူအမဲနှစ်ထပ်အိုင်စီရဲ့အောက်မှာရှိပါတယ်။တစ်ခါတစ်ရံသံပြားအုပ်ထားပါတယ်။သံပြားခွာကြည့်ပါ။အဖြူအမဲနှစ်ထပ်အိုင်စီသည်ဘလူတုသ်အိုင်စီဖြစ်ပါတယ်။ပါဝါဖွင့်ပြီးscreenမှိတ်သွားပြီးပါဝါကျသွားသေဖုန်းများဘက်ထရီထုတ်ပြန်တပ်ပြီးမှာပါဝါပြန်နိုးသောဖုန်းများတွင်ဝိုင်ဖိုင်အိုင်စီဖြုတ်ပေးခြင်းဖြင့်ဖြေရှင်းနိုင်သည်။ဖြုတ်ထားသောဝိုင်ဖိုင်အိုင်စီရဲ့ငုတ်ကလေးများပူးသွားလျှင်ရှော့ကျတတ်သည်။ခဲရှင်းပေးလိုက်ပါ။

၁၉။အားစားသောဖုန်းများဖြေရှင်းလိုလျှင်
ဘက်ထရီထည့်တဲ့အခါအောက်ခြေတွင်ပိုကျပ်အောင်စက္ကူခံပေးပါ။မရလျှင်supplyချိတ်ပြီးAmpxစားမစားကြည့်ပါ။များနေလျှင်ဘုတ်ကြောင့်သာဖြစ်သည်။ဘုတ်အားတင်နာဖြင့်ဆေးပြီးဟော့ဂမ်းနဲ့ခြောက်အောင်အပူပေးလိုက်ပါ။

၂၀။ Touch လဲပြီး Touch မရလျှင်ကြောင်နေလျှင် touch ကြိုးပြားခေါက်မခေါက်gndကျမကျပြန်စစ်ပေးပါ။မရလျှင် socket လေးအားအသာအယာဓါးဖြင့်ခြစ်ပေးပါ။

၂၁။huaweiတွင်မိမိမဖြုတ်ခင်ဆင်းဒ်ဖတ်ပြီးပြန်တပ်ခါမှာမဖတ်တော့လျှင်ဖုန်းငုတ်များကိုသေချာစွာကြပ်ပေးကြည့်ပါ။

၂၂။ငုတ်နှစ်ငုတ်အားလှပ်ပြီးပါဝါနိုးသော်လည်းမနိုးပါကထိုငုတ်နားရှိ R/C ထိပ်ကလေးများအားဇာဂနာဖြင့်ထောက်ပြီးနိုးကြည့်ပါ။

၂၃။Mic,Earpiece,Speaker, shockကျနေလျှင်လည်းပါဝါမလာပါ။

၂၄။ဆော့ကက်နှင့်လာသောပါဝါခလုတ်များအားဆော့ကက်ဖြုတ်ပြီးဆော့ကက်အထိုင်အား supply အနီတံဖြင့်ပါဝါနိုးနိုင်သည်။နိုးပုံမှာဘုတ်အား supply ဖြင့်ချိတ်ပါ။supply ရဲ့အလယ်သံချောင်းအားညာဘက်သို့testပြောင်းပေးပြီးအနီတံခလုတ်ဆော့ကက်လေးအားပါဝါနိုးသောငုတ်ကိုထောက်ကြည့်ပါ။ပါဝါလာသောငုတ်အားသိလိုလျှင်ဆော့ကက်ခြေထောက်လေးများအားထောက်ကြည့်ရပါသည်။

၂၅။အပေါ်ဘုတ်နှင့်အောက်ဘုတ်ခွဲပါသောဖုန်းများတွင် charging ခေါင်းလဲပြီးအားမ၀င်ပါကအလယ်ဆက်ထားသောကြိုးပြားကောင်းမကောင်းမိမမိစစ်ကြည့်ပါ။Mic Speaker မရလျှင်လိုင်းမတက်လျှင်လည်းထိုကြိုးပြားအားစစ်ကြည့်နိုင်သည်။

၂၆။ရေ၀င်ရှော့ကျုဖုန်းများအားတင်နာဖြင့်ရေဂျိုးများအားဆေးပေးရမည်တင်နာဖြင့်ဆေးလျှင်အပြင်ဗန်းသာမကသံပြားများအားကိုလည်းခွာပြီးနေရာလွတ်မကျန်အောင်ဆေးပေးပါ။သံပြားသည်အရှင်အသေနှစ်မျိုးရှိသည်။အသေထိုင်ထားလျှင် HOT Gun 300 Air 6 ဖြင့်ခွာချပါ။ပြီးနောက်တင်နာနှင့်ချော်ရည်များအားပြောင်အောင်ဆေးပေးပါ။မရလျှင်ဘုတ်အားsupplyတွငိချိတ်ပြီးအော်နေလျှင်supplyတွင်မအော်သည်အထိလျှော့ချပါ။မအော်တော့လျှင်ပူသော R / C icများကိုရှာပါ။R/C များပူနေလျှင်ပူနေသော R/C များအားဖြုတ်ချပေးပါ။ Shock လွှတ်သည်အထိလုပ်ပါ။

၂၇။ Touch ပြားအကောင်းများကိုခွာလိုလျှင် java ဖုန်း touch တွင်ပါသောကော်ပြားအားထောင့်လေးထောင့်ကတ်ကြေးဖြင့်ဝိုက်ညှပ်ပြီးထိုကော်ပြားဖြင့်ခွာနိုင်ပါသည်။အပူ၁၀၀ပေးပြီးခွာရမည်။

၂၈။လိုင်းမတက်လျှင်နက်ဝပ်အဖြူကြိုးနှင့်အထိုင်လိုင်းပွိုင့်ငုတ်ကလေးများကိုသေချာစစ်ပေးပါ။အပေါ်ဘုတ်နှင့်အောက်ဘုတ်တွင်အလယ်ကြိုးပြားဆော့ကက်ကောင်းမကောင်းမိမမိစစ်ပေးပါ။ဖုန်းငုတ်များမတပ်ရသေးလျှင်လည်းလိုင်မတက်တတ်ပါ။နက်ဝပ်အိုင်စီဖြစ်သော RF/PA line အိုင်စီများကိုအပူ 200 ခန့်ဖြင့်အပူပေးကြည့်ပါ။မရလျှင် JUMPER ကျော်ပေးနိုင်သည်။

၂၉။ Earpiece ကိုလဲပြီးမရပါကဘုတ်ကိုစစ်ပြီးမရပါကနားကြပ်ခေါင်းမှ JUMPER ကျော်ပေးရမည်။ဘယ်သံညာသံလာသောငုတ်မှ earpiece အပေါင်းငုတ်သို့ကျော်ပေးပါ။အပေါင်းမရအနှုတ်ပို့မရပါကနှစ်ကြိုးလုံးပို့ပါ။

၃၀။ဝယ်လို့မရသောပါဝါခလုတ်များနှင့်ဒီဂျစ်တယ်မိုက်များကို jumper ပြုလုပ်ပြီးဖြေရှင်းမည်ဆိုပါကပါဝါခလုတ်များနှင့်မိုက်များရဲ့အလယ်ရှိကြေးဝိုင်းကိုအပေါင်းစ jumper ကျော်ပြီးအပေါင်းငုတ်တွင်ဆက်ပါ။ဘေးအ၀ိုင်းအပြင်အ၀ိုင်းကိအနုတ်စ jumper ကျော်ကာအနုတ်ငုတ်တွင်သို့Gndချပေးပါ။တိုက်ရိုက်လည်း jumper လုပ်နိုင်ပါသည်။

၃၁။ပါဝါဖွင့်ပြီးပိတ်လိုက်လျှင်ပါဝါမလာတော့သည့်ဖုန်းများကိုဘက်ထရီဖြုတ်ပြီးပြန်တပ်သည့်အခါပြန်လာပြီးပြန်ပိတ်လျှင်ပါဝါပြန်မလာပါကwifiicနှင့် Bluetooth အိုင်စီကိုဖြုတ်ချပြီးအကောင်းပြန်တပ်ပေးပါ။

ဒါတွေကဖုန်းစတင်ပြုပြင်တော့မယ်လူတွေအတွက်အသုံးဝင်ကီးတွေဖြစ်ပါတယ်။ဒီလိုအခြေမျိုးတွေကိုပိုင်နိုင်အောင်လုပ်ပြီးမိမိဥာဏ်စွမ်းအလျှောက် pro ဖက်သို့ကူးပြောင်းနိုင်ကြပါစေ...

ဒါကတော့မီတာတိုင်းတဲ့နည်းလေးပါ

၁။ Condenser -တက်ပြီးပြန်ကျလျှင်ကောင်းတက်ပြီးပြန်မကျပါကမကောင်းပါ။နှစ်ဖက်လုံးတက်ပြီးပြန်မကျပါကမကောင်းပါ--X1 X10 X100

၂။ Resister -တက်ပြီးငြိမ်နေလျှင်ကောင်းမတက်ရင်မကောင်း
X1 X10 X100

၃။ Coil -တက်ပြီးငြိမ်နေလျှင်ကောင်းမတက်လျှင်မကောင်း
X1 X10 X100

၎။ Diode -တစ်ဖက်တက်ပြီးတစ်ဖက်မတက်လျှင်မကောင်း။နှစ်ဖက်လုံးပြရင်ရှော့။မကောင်း။နှစ်ဖက်လုံးမပြရင်
မကောင်း X1 တွင်ထားတိုင်း

၅။ Fuse -အဆုံးထိတက်ရင်ကောင်း။မတက်ရင်မကောင်း X1မှာတိုင်း။

0 comments:

Post a Comment

Categories

Unordered List

Sample Text

Blog Archive

Powered by Blogger.

Social Icons

Followers

Featured Posts

Pages

Popular Posts

Recent Posts

Text Widget